(၁၅)မိနစ် တရားထိုင်နည်း
☁☁☁☁☁☁☁
တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည်။
အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်ကထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။
နှာသီး၀အဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါန ကမ္မဋ္ဌာန်းတရား အားထုတ်သည် မည်ပါတော့သည်။ ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။
“အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏”
(ဤကား သတိမြဲရာ ပထမ အစီအစဉ်ဖြစ်ပါသည်။)
“ထွက်သက်လေကို ရှည်ရှည်ထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာသိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသော ယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏”
“ထွက်သက်လေကို တိုတိုထုတ်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာသိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သော ယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာသိ၏”
(ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်။)
“အလုံးစုံသော ထွက်သက်၀င်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏”
(ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်။)
“အရှိုက်အရှု ပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏”
(ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်။)
“ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။”
(ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်)
“ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်။)
ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် ‘ငါ့ကိုယ်’ ဟူ၍လည်းကောင်း၊ ‘ငါ၏ဥစ္စာ’ ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်။”
(ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။)
အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။
၀ိပဿနာပိုင်း ရှုမှတ်ပုံများ
☁☁☁☁☁☁
သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ဝိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။ သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။
၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိ ရင့်သန်နေတဲ့အတွက်ကြောင့်ပါ။ ဝိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ဖို့ တိုက်တွန်းထားပါတယ်။
ရှုနည်း (၃) မျိုး
☁☁☁☁☁
(၁) သမထအားထုတ်စဉ်က ရရှိခဲ့တဲ့ ပဋိဘာဂ အလင်းနိမိတ်နဲ့ ခြေဖျားကနေ ငယ်ထိပ်အထိ တကိုယ်လုံး သတိမလွတ်စေဘဲ ရှုခြင်း။
(၂) ခြေဖျားမှ ချက် ၊ ချက်မှ လည်မျို၊ လည်မျိုမှ ငယ်ထိပ်ထိ သုံးပိုင်း ပိုင်း၍ အပြန်ပြန် အလှန်လှန် ရှုမှတ်ခြင်း။
(၃) လက်လေးသစ် သို့မဟုတ် တံတောင်လောက်စီ ပိုင်းပြီး ရှုမှတ်ခြင်း ဆိုပြီး ရှုမှတ်နည်း (၃) မျိုးရှိပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ရှုနည်းသုံးမျိုး ကွဲပြားသကဲ့သို့ အရှုမှတ်ခံ အာရုံအလိုက် ရှုပွားရာ အစွန်းသုံးပါးကိုလည်း သိသင့်ပါတယ်။
(၁) မြင်ရင် မြင်တယ် ကြားရင် ကြားတယ် လို့မှတ်ခြင်း၊
(၂) မိမိခန္ဓာကိုယ်ရဲ့ ငယ်ထိပ်, ခြေတောက်, လက်စတဲ့ နေရာတွေမှာ တဖွားဖွား ဖြစ်ပျက်နေတာတွေကိုမှတ်ခြင်း၊
(၃) နှလုံးအိမ်ကို ရှုမှတ်ခြင်း ဆိုပြီး အစွန်းသုံးပါးရှိပါတယ်။
ဗုဒ္ဓါနုဿတိပွားများပုံ
☁☁☁☁☁
အရဟံ လို့ စိတ်ထဲက ဆိုပြီး ၀င်လေကို ရှူသွင်းပါ၊ အရဟံလို့ စိတ်ကဆိုပြီး ထွက်လေကို ပြန်ထုတ်ပါ၊ မိမိစိတ် ငြိမ်လာပြီ ဆိုရင် ဘုရားရှင်ရဲ့ ဂုဏ်တော်အရောက် အာရုံပြုပြီး ‘ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား’ ဆိုပြီး ၀င်လေ ထွက်လေ တိုင်းမှာ ရှူမှတ်ပေးပါ ။ ဒီလိုနည်းနဲ့ အချိန်ရသလောက် ပွားများပေးပါ။ ဘုရားရှင်အပေါ်မှာ ကြည်ညိုတဲ့စိတ်တွေ များလာလေ တရားအလုပ် လုပ်ရတာ ချောမွေ့ လွယ်ကူလေပါပဲ။
မေတ္တာဘာ၀နာပွားများပုံ
☁☁☁☁☁☁
‘အားလုံးသော သတ္တဝါတွေ’ ၀င်လေ တစ်ချက်၊ ‘ချမ်းသာကြပါစေ’ ထွက်လေ တစ်ချက် ဒီပုံစံနဲ့ မေတ္တာဘာ၀နာ ပွားများနိုင်ပါတယ်။ ကိုယ် ပွားများချင်တဲ့ပုံစံနဲ့ ပွားများနိုင်ပါတယ်။ ၀င်လေ ထွက်လေ ကပ်ပြီး ပွားများတာက သမာဓိ ပိုရလွယ်ပါတယ်။
မရဏဿတိ
(သေခြင်းတရား ဆင်ခြင်ပုံ)
☁☁☁☁☁☁☁☁☁☁
‘တစ်နေ့ သေရမှာ ပါတကား.. တစ်နေ့ သေရမှာပါ တကား’ လို့ ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင်ရပါမယ်။
အသုဘ ဘာ၀နာ
(စက်စုပ်ရွံရှာဖွယ် အဖြစ် ပွားများပုံ)
☁☁☁☁☁☁☁☁☁☁☁☁☁
‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကား’ လို့ ခန္ဓာကိုယ်ကို သုံးပိုင်း ပိုင်းပြီး ပွားများရပါမယ်။ ပထမဆုံး ပုခုံးအထက် ဦးခေါင်းပိုင်းကို အရင် ကြည့်ရပါမယ်၊ မျက်စိကိုမှိတ် စိတ်ကို ဦးခေါင်းကို ပို့ထား၊ ‘ငါ့ရဲ့ ခန္ဓာကိုယ် စုက်ဆုပ် စရာကြီး ပါတကား’ လို့ စိတ်ကဆိုပြီး ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ။
ဒုတိယ.. ခါးကနေ ပုခုံးအထိ ခန္ဓာကိုယ် အလယ်ပိုင်းကို စိတ်နဲ့ကြည့်ပြီး ‘ငါ့ရဲ့ ခန္ဓာကိုယ်ဟာ စက်ဆုပ်စရာကြီး ပါတကား’ လို့ စ်ိတ်က ဆင်ခြင်ပွားများပြီး အတွင်းပိုင်း အူတွေ, အသည်းတွေ, ကျောက်ကပ်တွေ တစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများပါ။
တတိယ.. ခါးအောက်ပိုင်းအကုန် ခြေထောက်အထိ စိုက်ကြည့် ပွားများပါ။ ခန္ဓာကိုယ်ကို တွယ်တာလွန်း အားကြီးရင် တရားအလုပ်မှာ နှောင့်နှေးတတ်ပါတယ်။ နာမည်ကြီး ခေမာထေရီကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်မှာ တပ်မက်မှု ကင်းအောင် အသုဘ ဘာ၀နာကို ပွားများ ကြရပါတယ်။
ဒီလေးမျိုးကို အချိန်ရတဲ့သူ ရက်များများ အားထုတ်မယ့် သူတွေ ကြိုးစားအားထုတ် ပွားများသင့်ပါတယ်။ ရက်တွေ အများကြီး အချိန်မပေးနိုင်ရင်တောင် တရားမရှုမှတ်မီ အချိန်ပိုင်းလောက် ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာ၀နာကို ၁၀-မိနစ် သို့မဟုတ် ၁၅-မိနစ် ပွားများ သင့်ပါတယ်။ မေတ္တာစွမ်းအားဟာ တကယ့်ကို ကြီးမားလှပါတယ်။
နေ့စဉ် (၁၅) မိနစ်ခန့် ဝိပဿနာမြတ်တရားအား ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ ။
☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁
အာနာပါနမှ ဝိပဿနာသို့
☁☁☁☁☁☁☁
အာနာပါန ဂဏနာ = ရေတွက်နည်း
☁☁☁☁☁☁☁☁☁
အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်မကျဘဲ ဖြစ်နေပါက ရေတွက်တဲ့နည်းလေး သုံးကြည့်ပါ။
အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဉ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကို
စတင်အားသစ်လိုသော အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် ရေတွက်ခြင်း
ဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။
ဂဏေန္တေန စ ပဉ္စနံ္န ဟေဋ္ဌာ န ဌပေတဗ္ဗံ။ ဒသနံ္န ဥပရိ န နေတဗ္ဗံ။ အန္တရာ ခဏ္ဍံ န ဒေဿတဗံ္ဗ။(ဝိသုဒ္ဓိ၊၁၊၂၇၀။)
၀င်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါ၀စရပုဂ္ဂိုလ်သည် ငါးခုကုန်သော ၀င်သက်လေထွက်သက်လေတို့၏
အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ ဆယ်ခုကုန်သော
၀င်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်သုံး-
ငါး - ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။ တစ်နည်းဆိုသော် နှစ်ရက်
သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိ
မြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော်
ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမ
အာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။ အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်
လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။
ထိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။
အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်း
ကို တည်စေသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါ၀စရပုဂ္ဂိုလ်၏ သန္တာန်၀ယ် ကျဉ်းမြောင်း
သော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံ၌
ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။ တစ်ဖန် ဆယ်ခုကုန်သော ၀င်သက်လေ-ထွက်
သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသော
ယောဂါ၀စရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊ ၀င်သက်
လေ ထွက်သက်လေ အာရုံ၌ ဘာ၀နာစိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဉ်လိုက်၍
စိတ်ဖြစ်နေတတ်၏။
အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသော ယောဂါ၀စရ
ပုဂ္ဂိုလ်၏ သန္တာန်၀ယ် ---- "ငါ၏ ကမ္မဋ္ဌာန်းသည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါ
အံ့လော၊ မဖြစ်ပါအံ့လော"ဟု စိတ်သည် တုန်လှုပ်နေတတ်၏။ ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက်
ယုတ်လျော့၍ ရေတွက်ခြင်း ဆယ်ခုထက်ပို၍ ရေတွက်ခြင်း အကြားအကြား၌ ရေတွက်မှု ကျိုးပြတ်ခြင်းတည်း
ဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဉ်၍ ရေတွက်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
ရေတွက်ပုံ - ဝင်လေထွက်လေ----တစ်၊ ဝင်လေထွက်လေ----နှစ် မှစ၍ ဝင်လေထွက်လေ----ရှစ် ထိဆိုလျှင် သင့်မြတ်လှပါတယ် ။
ရေတွက်တဲ့ အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်ကျလာလျင် ရေတွက်နည်းကိုလွှတ် နိုင်ပါပြီ။နဂိုရှုသည့်အတိုင်း
ပြန်ရှုပါ ။
.......................
"ဖားအောက်တောရဆရာတော်"
#ဘဒ္ဒန္တအာစိဏ္ဏ ?
Bhikkhu's Dhamma
ထပ်ဆင့်မျှဝေပါသည်
credit ဇရာအို